Tuesday, November 24, 2015

Android ဖုန်းတွေမှာ မြန်မာစာထည့်လိုက်လို့ "ထိုင်း" စာပျောက်သွားလို့ ထိုင်း စာပြန်ထည့်ချင်တဲ့ မိတ်ဆွေများရည်ရွယ်ပီး တင်ပေးလိုက်ပါတယ်ခင်ဗျာ သိပီးသား ဆ ဆရာကြီးတွေကတော့ ကျော်သွားလိုက်ပေါ့နော် ဒီနည်းကိုအသုံးပြုမယ်ဆိုရင်တော့ ဖုန်ကို Root ထားဖို့တော့လိုမယ် ခင်ဗျာ...

ဒေါင်းလို့ရလာတဲ့ ဖိုင် ကိုဖြည့်လိုက်ရင် ဖိုင် တစ်ခုထွက်လာလိမ့်မယ် အဲ့ဖိုင်ထဲမှာတော့ apk နှစ်ခုနဲ့ ဖောင့်နှစ်ခု တွေ့ရလိမ့်မယ်ခင်ဗျာ့ iFont နဲ့ Root Explorer apk ကိုနှစ်ခုကို Install လုပ်လိုက်ပါ နှစ်ခုလုံး Installed လုပ်ပီးရင် Root Explorer apk ကိုဖွင့်လိုက်ပါ



STORAGE ထဲကနေ ခုနကဒေါင်းလို့ရလာပီး ဖြည်ထားတဲ့ဖိုင်ထဲက GS_Thai_111220.ttf ဖောင့်နဲ့ UniMon.ttf ဖောင့်နှစ်ခုကို copy ကူးလိုက်ပါ ပီးရင် ROOT ကနေ Syatem>>>Fonts ဆိုတဲ့ဖိုင်ကို ဖွင့်လိုက်ပါ ttf ဖိုင်တွေအများကြီးတွေ့ရလိမ့်မယ် အဲ့ဖိုင်တွေရဲ့ အပေါ်ဆုံးမှာ Mounted as r/o Mount R/W ဆိုတာရှိတယ် Mount R/W ကိုတချက်နှိပ်ပီး Mount R/O ပြောင်းပေးလိုက်ပါ ပီးရင် ခုနက Copy ကူးလာတဲ့ဖောင့်နှစ်ခုကို ထည့်ဖို့အတွက် CPOY HERE ကိုတချက်နှိပ်လိုက်ပါ....



copy ကူးလို့ပီးပီးဆိုရင် ဟိုးးး အောက်မှာရှိတဲ့ UniMon.ttf ဖိုင်ကို တစ်ချက်နှိပ်လိုက်ပါ iFont ဆော့ဝဲလ် ဘက် ရောက်သွားလိမ့်မယ် Set ကိုနှိပ်ပေးလိုက်ပါ ဖုန်း restart ကျသွားလိမ့်မယ် မကျရင် ကိုယ့်ဟာကိုယ်ချပေးလိုက်ပါ ဖုန်းပြန်တက်လာရင် အရင်ကပျောက်နေတဲ့ ထိုင်း စာတွေကို အဆင်ပြေစွာနဲ့ ပြန်မြင်တွေ့ရပါလိမ့်မယ်ခင်ဗျာ.......


ဒေါင်းရန်

ခွက်ဒစ် မူရင်းပိုင်ရှင်

No comments:

Post a Comment